
မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်သုံးဆီဆိုင်(၈)ဆိုင်ရှိရာ ၂၀၂၅ခုနှစ် ယခင်မေလ (စတုတ္တပတ်)တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင်(၂၉၀၉)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာ လျှင်(၂၉၆၄)ကျပ် ဒီဇယ်ရိုးရိုး တစ်လီတာ လျှင်(၂၄၇၉)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၀၅၉)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း သိရပါသည်။
ယခု ဇွန်လ (စတုတ္တပတ်)တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီ ဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင်(၂၉၉၉)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာ လျှင်(၃၀၆၉)ကျပ် ဒီဇယ်ရိုးရိုး တစ်လီတာ လျှင်(၂၅၃၉)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၃၁၄၄)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်းသိရပါသည်။
ယခုအပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ (92)တစ်လီတာလျှင် (၉၀)ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၁၀၅)ကျပ် ဒီဇယ်ရိုးရိုးဈေးနှုန်းမှာ တစ်လီတာ (၆၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာ လျှင်(၈၅)ကျပ် ဈေးတက်သွားကြောင်း သိရပါသည်။
DOCA(ပဲခူး)