
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့သည် ကော်ဖီစစ်စစ်ထွက်ရှိရာ ဒေသလည်းဖြစ်ပါသည်။ ကော်ဖီမှုန့်စစ်စစ် အမှတ်တံဆိပ်များစွာရှိသည့်အနက် “ပဒေသာ” အမှတ်တံဆိပ်ကော်ဖီမှုန့်သည် ပလတ်စတစ်အိတ်နှင့် မထုပ်ပိုးဘဲ စက္ကူအိတ်နှင့် ထုပ်ပိုးထားသောကြောင့် တစ်မူထူးခြားပြီး အမြင်ဆန်းလှပါသည်။
ပဒေသာကော်ဖီမှုန့်ဆိုင်သည် တောင်ငူမြို့၊ အမှတ် (၁၆) ရပ်ကွက်၊ ဗိုလ်မှူးဖိုးကွန်း လမ်းပေါ်တွင် တည်ရှိပြီး ဆိုင်ဖွင့်လှစ်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်လောက်ရှိပြီ ဟုလည်း သိရပါသည်။ ပဒေသာ ကော်ဖီမှုန့်သည် အရောနှောမပါဘဲကော်ဖီစေ့အစစ်ကိုသာ ပြုလုပ်ထားခြင်းဖြစ်ပြီး အနံ့အရသာမှာလည်း ကောင်းမွန်လှပါသည်။ ပဒေသာကော်ဖီမှုန့်ကို အဆင်သင့် စက္ကူအိတ်နှင့် ထုပ်ပိုးထားပြီးရောင်းချသလို သန့်ရှင်း၍ အနံ့အရသာကောင်းမွန်သော ကော်ဖီမှုန့် လိုချင်လျှင် ဝယ်သူလာမှ ကြိတ်ပြီးလည်း ရောင်းချလျက်ရှိပါသည်။
ပဒေသာကော်ဖီမှုန့်ကို လက်လီ ၅ ကျပ်သားမှစ၍ ဝယ်ယူရရှိပြီး ဈေးကွက်အနေဖြင့် နေပြည်တော်တွင် ဖြန့်ဖြူးထားပြီး တာချီလိတ်ဘက်အထိလည်း ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ပဒေသာကော်ဖီမှုန့်၅ ကျပ်သား လျှင် ၄၅၀၀ ကျပ်၊ ၁၀ ကျပ်သားလျှင် ၉၀၀၀ ကျပ်ဖြင့် လက်ရှိဈေးကွက်ထဲတွင် ရောင်းချနေကြောင်းလည်း သိရပါသည်။
DOCA(ပဲခူး)