ဈေးကောင်းလျက်ရှိသည့် ကညွတ်

Powered by Drupal

     ယခုမိုးရာသီကာလ၌ ဈေးများတွင် ကညွတ်များကို ပေါများစွာ ရောင်းချလျက်ရှိပါသည်။ သမပိုင်းဒေသများတွင် ပေါက်ရောက်မှုများသော ကညွတ်ပင်များကို မြန်မာနိုင်ငံ၌လည်း စိုက်ပျိုးသူများ လာကြပြီး ဝင်ငွေကောင်းစေသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ ကညွတ်တွင် အမျှင်ဓာတ်၊ အသားဓာတ်၊ သတ္တုဓာတ်နှင့် ကစီဓာတ်များစွာ ပါဝင်သောကြောင့် ကျန်းမာရေးအတွက် မဖြစ်မနေ စားသုံးသင့်ပါသည်။

     ကညွတ်ပင်ကို ကမ္ဘာတစ်ဝှမ်းတွင် တိုင်းရင်းဆေးအဖြစ် သုံးစွဲနေကြပြီး ကင်ဆာရောဂါ ကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါသည်။ ကညွတ်ကို ကြော်စားချက်စားခြင်းဖြင့် အရွယ်တင်နုပျိုစေပြီး နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်ပါသည်။ တောင်ငူမြို့ ညောင်ပင်လေးဈေးထဲတွင် ကညွတ်အကြီး တစ်စည်းလျှင် ၈၀၀၀ ကျပ်၊ အလတ်တစ်စည်းလျှင် ၅၀၀၀ ကျပ်၊ အသေးတစ်စည်းလျှင် ၄၀၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်းလည်း သိရပါသည်။

DOCA(ပဲခူး)