
၂၀၂၅ ခုနှစ် ဇွန်လအတွင်း၌ ဗီယက်နမ်နှင့် အမေရိကန် နိုင်ငံတို့သည် တစ်ဦးနှင့်တစ်ဦး အကျိုးပြု နိုင်သော ကုန်သွယ်ရေး ဆက်ဆံရေး တိုးတက်လာစေခြင်းအတွက် အပြန်အလှန်အခွန်နှုန်းများ (Reciprocal Tariff) နှင့် စျေးကွက်ဝင်ခွင့် (Market Access) များကို ဦးတည်၍ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။ လာမည့် ဇူလိုင်လအတွင်း ပြဌာန်းရန်ရှိသော အခွန်ဆုံးဖြတ်ချက် မတိုင်မီအထိ, နှစ်ဖက်လုံးအတွက် အကျိုးရှိမည့် ဖြေရှင်းမှုတစ်ရပ်ကို ရရှိလာနိုင်မည်ဟု မျှော်လင့်ကြောင်း ဗီယက်နမ်ဘက်မှ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ ဤဆွေးနွေးမှုများသည် တင်သွင်းမှု အခွန်များ ကို ညှိနှိုင်ဖြေလျော့ခြင်း နှင့် ဗီယက်နမ်ကုန်ပစ္စည်းများကို အမေရိကန်ဈေးကွက်သို့ ပိုမိုလွယ်ကူစွာ ဝင် ရောက်နိုင်ခြင်းစသော ကဏ္ဍအသီးသီးတွင် သက်သာအထောက်အကူပြုနိုင်မည့် အခန်းကဏ္ဍအဖြစ် မြင် တွေ့ နိုင်ရန် ရည်ရွယ်၍ ဆွေးနွေးမှုဖြစ်နိုင်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါသည်။
DOCA(ဧရာဝတီ)