China–ASEAN Free Trade Area 3.0 သဘောတူညီမှု အတည်ပြုပြီးစီး

Powered by Drupal

China–ASEAN Free Trade Area (CAFTA) 3.0 သဘောတူညီမှုကို ASEAN နှင့် တရုတ် နိုင်ငံတို့သည် မေလ ၂၁ ရက်နေ့တွင် အတည်ပြုပြီးစီးခဲ့ကြောင်း Reuters သတင်းအရ သိရှိရပါတယ်။ CAFTA 3.0 သည် ယခင်ထက်ပိုမိုခေတ်မီသည့် ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေးနှင့် Supply-chain connectivity ကို အဓိကထားသည့် မဟာဗျူဟာတစ်ခုဖြစ်ပြီး အဆိုပါသဘောတူညီမှုသည် ဒေသတွင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ပေးနိုင်မည်ဟု ခန့်မှန်းနေကြပါတယ်။ ထို့အပြင် AI, E-commerce, Clean Energy, Logistics စနစ်များကဲ့သို့သော ကဏ္ဍများတွင် နည်းပညာ အပြန်အလှန်နှင့် လုပ်ငန်းကွန်ယက်ပေါင်း ပူးပေါင်းမှုများလည်း ရှိလာနိုင်ပါတယ်။ စီးပွားရေးဗေဒပညာရှင်များကလည်း CAFTA 3.0 သည် တရုတ်–အာရှ အဖွဲ့ဝင်နိုင်ငံများ၏ ချဲ့ထွင်မှုနှင့် စီးပွားရေးတောင်ပိုင်း ထိပ်တန်းဇုန် တည်ဆောက်မှုအတွက် အရေးကြီးဆုံးနည်းလမ်းတစ်ခုဖြစ်လာနိုင်ကြောင်း ထောက်ပြထားကြပါတယ်။
DOCA( ဧရာဝတီ)