အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၂၅ ခုနှစ်၏ ပထမသုံးလပတ် ပါတိတ်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၇.၆၃ သန်းကျော်လွန်ခဲ့

Powered by Drupal

    အင်ဒိုနီးရှားနိုင်ငံ၏ ရိုးရာအထည်ဖြစ်သော ပါတိတ်တင်ပို့မှုသည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ၇၆.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တောင်အာဖရိက၊ တရုတ်နှင့် အမေရိကန် နိုင်ငံတို့၏ ဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်နိုင်မှုကြောင့် မြင့်တက်လာခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားစက်မှုဝန်ကြီး Agus Gumiwang ၏ ဇွန်လ ၂၅ ရက်နေ့ ပြောကြားချက် အရသိရသည်။ ၂၀၂၅ ခုနှစ်၏ ပထမသုံးလပတ် အင်ဒိုနီးရှားနိုင်ငံ၏ ပါတိတ်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၇.၆၃ သန်းကျော်ရှိခဲ့ပြီး ပါတိတ်ထုတ်လုပ်သည့် လုပ်ငန်းများတွင် ခန့်အပ် ထားသော အလုပ်သမားပေါင်း ၂၀၀၀၀၀ ကျော်ရှိကြောင်းသိရှိရသည်။ ကမ္ဘာ့ဈေးကွက်၏ လက်ရှိမသေချာမရေရာမှုများကြား အောင်မြင်မှုရရှိခြင်းအတွက် အထူးကျေးဇူးတင်ရှိကြောင်း အင်ဒိုနီးရှားစက်မှုဝန်ကြီးမှ ချီးကျူးစကားဆိုခဲ့သည်။

Source : Xinhua

DOCA(ရန်ကုန်)