အင်ဒိုနီးရှား၏ Bioenergy ထုတ်ကုန်များ မြန်မာသို့ တင်ပို့ခြင်းဖြင့် စွမ်းအင်နယ်ပယ်တွင် ပူးပေါင်းမှုအသစ်များစတင်

Powered by Drupal

၂၀၂၅ ခုနှစ် အတွင်း၌ အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံသို့ Bioenergy (ဇီဝစွမ်းအင်) ထုတ်ကုန် များကို တင်ပို့လာခြင်း ဖြင့် စွမ်းအင်နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုအသစ်များကို စတင်သွား မည်ဖြစ် ကြောင်း သိရှိရပါတယ်။ Bioenergy (ဇီဝစွမ်းအင်) ထုတ်ကုန်များတွင် Bioethanol ချဉ်များ၊ Biogas မီတာစက်များနှင့် ရေနံအစား ထိုးစွမ်းအင်စနစ်များ ပါဝင်ပါတယ်။ အဆိုပါပူးပေါင်းမှုအရ၊ မြန်မာနိုင်ငံ အတွင်း လျှပ်စစ်မီး မရရှိသေးသော မြို့နယ်အချို့တွင် Biogas စနစ်များ နှင့် ဇီဝစွမ်းအင်သုံးမီးဖိုများ အား ပြောင်းလဲအသုံးပြုခြင်း စသည်ဖြင့် သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသည့် စွမ်းအင်သုံးစနစ်များကို စတင် စမ်းသပ်၍ အသုံးပြု နေပြီဖြစ် ကြောင်း သိရှိရပါတယ်။ အဆိုပါ Project များအား အင်ဒိုနီးရှား-မြန်မာ စီးပွားရေးပူးပေါင်းမှုကောင်စီ နှင့် မြန်မာနိုင်ငံစွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာန ပူးပေါင်း၍ ဆောင်ရွက် နေပြီး၊ စတင်မည့် Pilot Project များအနက်တွင် မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်း ဒေသကြီး များပါဝင် ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)