
၂၀၂၅ ခုနှစ်အတွင်း၌ စင်္ကာပူအခြေစိုက် AI နည်းပညာကုမ္ပဏီကြီးများသည် မြန်မာနှင့် လာအို နိုင်ငံများတွင် Pilot Project အဖြစ် AI Marketplace Support Centers (လုပ်ငန်း အထောက် အပံ့စင်တာ) များကို စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ စင်တာများတွင် ဒစ်ဂျစ် တယ် AI စနစ်များ၊ စီးပွားရေးအတွက် Machine Learning Tools များ၊ Cloud Computing ဝန်ဆောင်မှု များ နှင့် E-commerce AI integration စနစ်များတို့ ပါဝင်ကာ ဒေသတွင်းလုပ်ငန်းရှင်များ အတွက် နည်းပညာ အထောက်အပံ့များလည်း ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။ စင်္ကာပူမှ AI ကုမ္ပဏီ များဖြစ်သည့် AI Foundry, NeuroNet, CodeLogic တို့သည် မြန်မာနိုင်ငံ Yangon နှင့် မန္တလေးမြို့များတွင် ဖွင့်မည့်စင်တာများကို SME Digitalization Program ဖြင့်ပံ့ပိုးမည် ဖြစ်ပြီး၊ လာအိုတွင်လည်း Vientiane မြို့၌ စတင်ဖွင့်လှစ်သွားမည်ဟု သိရပါတယ်။ ဤစီမံကိန်းသည် ASEAN ပတ်ဝန်းကျင်အတွင်း AI နည်း ပညာအသုံးပြုမှု တိုးတက်လာစေရန်နှင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာ အခြေခံစနစ်များတည်ဆောက်ပေးရန် ရည်ရွယ်ထားကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။
DOCA(ဧရာဝတီ)