
ထိုင်းနိုင်ငံရှိ စိုက်ပျိုးမှုကုန်စည်တင်ပို့လုပ်ငန်းရှင်များသည် ဗီယက်နမ်မှ ထုတ်လုပ်သည့် အော်ဂဲနစ် ဆန်၊ ကော်ဖီ၊ လက်ဖက်ခြောက်နှင့် ငရုပ်သီးအမျိုးမျိုး တို့ကို ယခင်ကတည်းက ဝယ်ယူနေကြသော်လည်း ယခုတွင် ထိုင်းကုမ္ပဏီများသည် ဗီယက်နမ်မှ ထုတ်ကုန်များကို ဥရောပသမဂ္ဂဈေးကွက် သို့ ပြန်လည်တင်ပို့ ပြန်လည်တင်ပို့နိုင်ရန်အတွက် EU Standard နှင့် Organic Certification စံနှုန်းများနှင့် ကိုက်ညီအောင် ထုပ်ပိုးခြင်းနှင့် labeling ပြုပြင်ခြင်းများပြုလုပ်နေကြကြောင်း သိရှိရပါတယ်။ အဆိုပါလုပ်ငန်းစဉ်သည် အာဆီယံဒေသတွင်း လုပ်ငန်းပူးပေါင်းမှု၊ စီးပွားရေးတန်ဖိုးမြှင့်ခြင်းနှင့် ပြင်ပဈေးကွက်အကျိုးဖြစ်ထွန်းမှုကို မြှင့်တင်နေကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါသည်။
DOCA(ဧရာဝတီ)