Logistic Center များတိုးချဲ့၍ ဒေသတွင်းကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်နေတဲ့ စင်္ကာပူနိုင်ငံ

Powered by Drupal

၂၀၂၅ ခုနှစ် အတွင်း၌ Singapore Airport Terminal Services (SATS Ltd.) နှင့် PSA International (Port of Singapore Authority) တို့သည် အရှေ့တောင်အာရှဒေသတွင်းအတွက် အကြီးဆုံး သော Regional Logistics Superhub တည်ဆောက်နေကြကြောင်း သိရှိရပါတယ်။ ကုန်ပစ္စည်းများ စုစည်းပြီး ထပ်မံဖြန့်ချိရာနေရာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာဆက်သွယ်မှုအတွက် အဓိကဗဟို အဆောက် အအုံ တစ်ခုဖြစ်သော အဆိုပါ Superhub သည်လေကြောင်း နှင့် ရေကြောင်း နှစ်မျိုးစလုံးကို ချိတ်ဆက်ပေးနိုင်ယုံသာမက B2B (business-to-business) နဲ့ B2C (business-to-consumer) စီးပွားရေးတွင် ထုတ်ကုန် ထောက်ပံ့မှု အလျင်မြန်ဆုံးဖြစ်အောင် စနစ်တကျစီမံထား ကြောင်း လည်း သိရှိရပါတယ်။ အဆိုပါ Superhub တွင် AI နဲ့ IoT စနစ်များ ထည့်သွင်းထားပြီး ကုန်ပစ္စည်းများ အပေါ် တိကျမှုရှိသော စီမံခန့်ခွဲမှု ပြုလုပ်နိုင်ခြင်း နှင့် အချိန်ကုန်သက်သာခြင်းတို့ကြောင့် e-commerce platform များ (e.g. Shopee, Lazada, Amazon) နှင့် B2B ကုမ္ပဏီများအတွက် ထုတ်ကုန် ထောက်ပံ့မှုများ ပိုမိုမြန်ဆန်စွာဆောင်ရွက် နိုင်တော့မည် ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါသည်။
DOCA(ဧရာဝတီ)