အာရှဒေသကနေ အမေရိကန်ဘက်သို့ သယ်ယူသည့် ကုန်တင်သင်္ဘောငှားရမ်းခစျေးနှုန်းများ မြင့်တက်လာ

Powered by Drupal

            ဇွန်လအစပိုင်းတွင် အာရှဒေသမှ အမေရိကန် ဘက်သို့ သယ်ယူသော ကုန်ပစ္စည်းတွေအတွက် ကုန်တင် သင်္ဘောငှားရမ်းစျေးနှုန်းများ တက်လာခဲ့ပါသည်။ ဤကဲ့သို့ ကုန်တင် သင်္ဘောငှားရမ်း စျေးနှုန်းများ တက်လာရခြင်းမှာ “အမေရိကန်အစိုးရက အချို့သောအာရှကုန်ပစ္စည်းတွေနှင့်ပတ်သက်ပြီး ကုန်သွယ် ရေးအခွန် ပြန်တင်ဖို့ စဉ်းစားနေသည်” ဆိုသော သတင်းများထွက်ပေါ်နေသည့်အတွက် ကုန်သည်တွေက ပစ္စည်းတွေကို အမြန်သယ်ပေးဖို့ စဉ်းစားပြီး ငှားရမ်းသူများ တိုးလာတာကြောင့် သယ်ယူခ တက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ကုန်တင်သင်္ဘောငှားရမ်းခစျေးနှုန်း တက်လာခြင်းက တချို့လုပ်ငန်းတွေ အတွက် စရိတ်တက်နိုင်ပေမဲ့၊ အမြင်ကောင်းနဲ့ကြည့်မယ်ဆိုရင် ကုန်သွယ်ရေး လှုပ်ရှားမှုပြန်ဖြစ်လာနေတာ၊ လုပ်ငန်းအတွေ့အကြုံများ ပြန်လည်ကြွလာနေတာကို ပြသနေတဲ့အရာတစ်ခုလည်း ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတသည်။

DOCA(ဧရာဝတီ)