ရေနံတင်ပို့ရာ Strait of Hormuz လမ်းကြောင်းပိတ်ဆို့မှုနှင့် နိုင်ငံတကာရေနံဈေးကွက်အခြေအနေ

Powered by Drupal

             အာရှမှ အာရှတွင်း၊ ဥရောပနှင့် အမေရိက တိုက်သို့ ရေနံတင်ပို့ရာတွင် မဖြစ်မနေ ဖြတ်သွားရသော ကမ္ဘာ့အရေးအကြီးဆုံး ရေနံသယ်ယူပို့ဆောင်ရေးလမ်းကြောင်း ဖြစ်သည့် Strait of Hormuz လမ်းကြောင်းအား အီရန်ပါလီမန်က ပိတ်သိမ်းကြောင်းကြေညာအပြီးတွင် ရေနံကုန်သွယ်မှု၏ ၂၅% ခန့် ထိခိုက် နိုင်ခြင်းကြောင့် စီးပွားရေးဈေးကွက်များတွင် တုံ့ပြန်မှုများ ဖြစ်ပေါ်နေခဲ့ပြီး တစ်ရက်လျှင် ရေနံဈေးနှုန်းမှာ ၅% အထိ နေ့စဉ်ထိုးတက်နေကြောင်း သိရှိရပါသည်။ ဂျာမနီနှင့် ဂျပန်တို့မှ ရေနံ သယ်ယူပို့ဆောင် ရေးအတွက် အဓိကအားဖြင့် ယုံကြည်မှုထားသည့် သင်္ဘောလိုင်းကြီးများကလည်း လက်ရှိအခြေအနေကြောင့် ဟော်မုဇ်သွယ်လမ်းဖြတ်သွားသော လမ်းကြောင်းများကို ရှောင်ရှားကာ တခြားအန္တရာယ် နည်းသည့် လမ်းကြောင်းအသစ်များသို့ ပြောင်းလဲအသုံးပြုလာနေကြပြီ ဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)