ပဲလင်းမြွေသီး၏အာဟာရနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

   ပဲလင်း‌‌မြွေသီး(ခေါ်) ဗုံလုံသီးပင်သည် သခွား၊ ဗူး၊ ဖရုံနွယ်ဝင် အပင်တစ်မျိုးဖြစ်ကြောင်း၊ အဖြူရောင်ခပ်ရှည်ရှည်အသီးတစ်မျိုးဖြစ်ပြီး၊ အသီးအ‌ပေါ်ယံအလွှာလေးကို ဓါးနဲ့ခြစ်၍ အရွယ်တော်‌ လေးတွေတုံးပြီး အလယ်အူတိုင်ကိုဇွန်းအမြီးနှင့် ရစ်ထုတ်ပြီး အလယ်မှာ အသား၊ ငါးစသည့်တို့ အဆာ သွတ်၍ ချက်စားရကြောင်း  သိရှိရသည်။ ပဲလင်းမြွေသီး(ဗုံလုံသီး) တွင် အာဟာရဓာတ်များစွာ ပါဝင်ကြောင်း၊ ရေဓာတ်နှင့်အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့်အစာခြေစနစ်ကို အားကောင်း စေပြီး အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုကြောင်း၊ အဆာခံနိုင်၍ ဝိတ်ချချင် သောသူများအတွက် စားပေးသင့်သော အသီးဖြစ်ကြောင်း၊ ကယ်လ်ဆီယမ်ဓာတ် ပါဝင် သောကြောင့် အရိုးနှင့်သွားများကို သန်မာစေကြောင်း၊ စိတ်ဖိစီးမှုကိုလျော့ချပေးပြီး နှလုံးကျန်းမာ ရေးကို အထောက်အကူပြုကြောင်း၊ ဆီးရွှင်၍ ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်းရဲ့ လုပ်ဆောင်မှုကိုလည်း ကောင်းစေကြောင်းသိရှိရသည်။

      မြင်းခြံမြို့နယ် သ‌င်္ဘောတင်ကျေးရွာတွင် ဗုံလုံသီးများကို တောင်သူများက စီးပွားဖြစ် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးချိန်မှာ(မေလ-ဇွန်လ)များတွင် စိုက်ပျိုးထားရှိ ကြောင်း၊ စိုက်ပျိုးပြီး ၄၅ ရက်မှ ၆၀ ရက်အတွင်း အသီးများစတင်ခူးဆွတ်နိုင်ကြောင်း၊ အသီးရှည် ရန်နှင့် အသီးများ ဖြောင့်တန်းစေရန် ခဲဆွဲပေးရကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ၈၀ ရက်မှ ၉၀ ရက်ကြာမြင့်ကြောင်းသိရှိရသည်။ စိုက်ခင်းရောင်းဈေးမှာ ဗုံလုံသီးတစ်တောင့်လျှင် (၅၀၀-၇၀၀) ကျပ် ‌ပေါက်ဈေးရှိကြောင်း၊ မြို့ပေါ်ရှိ အေးမြသီတာဈေးတွင် ရောင်းချနေသော ဗုံလုံသီးတစ်တောင့် လျှင် လက်လီဈေး (၁၀၀၀-၁၂၀၀)ကျပ်ပေါက်ဈေးများရှိကြောင်း၊ ဗုံလုံသီး အရည်အသွေးနှင့် အကြီးအသေးပေါ်တွင် ဈေးနှုန်းများကွာခြားကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းစားသုံးရန် ရောင်းချကြောင်းနှင့် မန္တလေးမြို့သို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)