
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ၂၀၂၅ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)အတွင်း အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်းဆန်(ရွှေဘို)တစ်ပြည်လျှင် ကျပ်(၆၂၀၀)၊ ဧည့်မထဆန်(မနောသုခ) တစ်ပြည်လျှင် ကျပ်(၃၄၀၀)၊ ဧရာပဒေသာ(ကုန်းဇောင်း)ဆန်တစ်ပြည်လျှင် ကျပ်(၅၇၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၆၉၆၀)၊ မြေပဲဆီတစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)နှင့် ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ သကြားတစ်ပိဿာလျှင် ကျပ်(၅၅၀၀)၊ အာလူး တစ်ပိဿာလျှင် ကျပ်(၄၅၀၀)၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ ချင်း တစ်ပိဿာ လျှင် ကျပ်(၄၅၀၀)၊ ငရုတ်သီးခြောက်(အရှည်) တစ်ပိဿာလျှင် ကျပ်(၁၁၅၀၀)၊ ကုလားပဲခြမ်း တစ်ပိဿာ လျှင် ကျပ်(၇၃၀၀)၊ မြေပဲဆံတစ်ပိဿာလျှင် ကျပ်(၈၈၀၀)၊ ရိုးရိုးဆား တစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ အာပြဲခြောက်တစ်ပိဿာလျှင် ကျပ်(၃၅၀၀၀)၊ ကြက်ဥတစ်လုံး ကျပ်(၄၇၀)၊ ဘဲဥ တစ်လုံး ကျပ်(၆၀၀)၊ အသား/ ငါး ဈေးနှုန်းများမှာ ဝက်သားတစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ အမဲ သားတစ်ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ ကြက်သား(CP)တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ်(၂၁၀၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးမြစ်ချင်း(အလတ်) တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ဇွန်လ(တတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ချက်အရ စားအုန်းဆီနှင့် ကြက်သား(CP) ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းပြီး ကုလားပဲဈေးနှုန်းမှာ အနည်းငယ်မြင့်တက်၍ ကျန်စားသောက် ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။ စားအုန်းဆီဈေးနှုန်းမှာ ဇွန်လ(ပထမပတ်)မှစတင်၍ ဈေးနှုန်းများကျဆင်းလျက်ရှိပြီး ကြက်သား (CP)ဈေးနှုန်းမှာ တိုင်းဒေသကြီးအတွင်း တစ်ပိုင်တစ်နိုင် မွေးမြူထားသည့် ကြက်ခြံများမှ ဝင်ရောက် မှုများ၍ ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း သိရှိရသည်။
DOCA(မကွေး)