
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော စားဖိုဆောင်သုံးသီးနှံများ ဇေယျာသီရိဈေးအတွင်းသို့ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ မေလမှစ၍ ရာသီပေါ်မျှစ်များ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)တွင် ဇေယျာသီရိဈေး၌ မျှစ်(၁)ပိဿာလျှင် ကျပ်(၆၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်မျှစ်ပေါ်စအချိန် မေလ(စတုတ္ထပတ်)တွင် မျှစ်(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ် (၇၀၀၀)ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်း၌ မျှစ်များလှိုင်လှိုင်ထွက်ပေါ်နေချိန်ဖြစ်၍ မျှစ်ဈေးနှုန်းမှာ တရိပ်ရိပ်ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)