မြိတ်မြို့ပေါ်ရှိသြဇာသီးဈေးနှုန်း

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် သစ်သီးဝလံများ၊ ကုန်မာနှင့်ကုန်စိမ်းများကို အနယ်နယ်အရပ်ရပ်မှ တင်သွင်းရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ စီးပွားရေးအချက်အချာကျသော မြို့လေးတစ်မြို့ဖြစ်ပြီး ရောင်းသူ၊ ဝယ်သူများစည်ကားလျက်ရှိပါသည်။ ထိုသို့ ရောင်းချရာတွင်လည်း အရသာကောင်းမွန်၍ အနံ့မွှေးကြိုင်လှ‌သောဩဇာသီးသည်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ သြဇာသီးမှာ ဆင်သြဇာနှင့် ဒူးရင်းသြဇာဟူ၍ နှစ်မျိုးရှိပြီး မြိတ်မြို့ပေါ်တွင် ဒူးရင်းသြဇာမှာအရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

     တနင်္သာရီတိုင်း‌ဒေသ၊မောတောင်မြို့မှ တင်သွင်းလာသောသြဇာသီးများကို မြိတ်မြို့ပေါ်ရှိ စျေးများနှင့် သစ်သီးဆိုင်များတွင် သြဇာသီးတစ်လုံးလျှင် (၃၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)