မြိတ်မြို့တွင် ရောင်းချလျက်ရှိသော သောက်ရေသန့်စျေးနှုန်းစျေးကွက်

Powered by Drupal

    မြိတ်မြို့တွင် သောက်ရေသန့်များကို  မိမိကိုယ်ပိုင်စက်ရုံများဖြင့်သော်လည်ကောင်း၊ ရန်ကုန်မြို့မှသော်လည်းကောင်း ဝယ်ယူသောက်သုံးလျက်ရှိကြပါသည်။ မြိတ်မြို့အတွင်း သောက်ရေသန့် စက်ရုံများမှ ထွက်ရှိသော သောက်ရေသန့်များကို မြိတ်မြို့ပေါ်နှင့် မြိတ်ခရိုင်ရှိ ကျေးရွာများတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ နွေရာသီတွင် အရောင်းအဝယ်ကောင်းလျက်ရှိပြီး မိုးရာသီရောက်လျှင် အရောင်းအဝယ်နည်းလျက်ရှိသည်။ သောက်ရေသန့်ထုတ်လုပ်ရာတွင် (၂၀)လီတာ၊ (၁)လီတာ၊ (၀.၆)လီတာနှင့် (၀.၃)လီတာတို့ဖြင့် ထုတ်လုပ်ရောင်းချကြပြီး စက်ရုံအတွင်း အသုံးပြုလျက်ရှိသော ဗူးခွံများနှင့် စတေကာများကို ရန်ကုန်နှင့် မန္တလေးမြို့တို့မှ အများဆုံးမှာယူလျက်ရှိ ကြောင်းသိရှိရပါသည်။

    ၂၀၂၅ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့အရ မြိတ်မြို့တွင် ‌ရေသန့်(၂၀)လီတာလက်ကားတစ်ဗူးလျှင် ၁၃၀၀ကျပ်ဖြင့် ရောင်းချနေပြီး လက်လီတစ်ဗူးလျှင် ၁၅၀၀ကျပ်ဖြင့် ရောင်းချနေကြောင်း၊ ရေသန့်(၁)လီတာ တစ်ကဒ်(၆ဗူး)လျှင် ၃၃၀၀ကျပ်ဖြင့်ရောင်းချနေပြီး (၁၀)ကဒ်ဝယ်လျှင် အပို(၁) ကဒ်‌ပေးကြောင်း၊ (၀.၆)လီတာ တစ်ကဒ်(၁၂ဗူး)လျှင်(၄၀၀၀)ကျပ်ရှိပြီး (၀.၃)လီတာတစ်ကဒ်လျှင် (၃၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)