ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသတွင်း တစ်နိုင်တစ်ပိုင်မွေးမြူမှုများ ပုံမှန်အခြေအနေတွင် တွေ့ရှိလာရပါသည်။ ဒေသတွင်းဈေးကွက်များသို့ ထိစပ်မှုရှိသည့် ရမည်းသင်းမှ ကြက်(အရှင်)ဝင်ရောက်မှုများ ရှိခဲ့သဖြင့် ဈေးနှုန်းကျဆင်းမှုကို တွေ့ရှိလာရပါသည်။ အကောင်လိုက် (အရှင်)ဈေးနှုန်းတစ်ပိဿာ(၂၃၀၀၀)ကျပ်မှ(၂၀၀၀၀)ကျပ်သို့ လျော့ကျခဲ့သဖြင့် လက်လီ(ခုတ်သား) ဈေးနှုန်းတွင် လျော့ကျမှုရှိလာခဲ့ပါသည်။
ဒေသတွင်းမွေးမြူရေးခြံများမှ ဈေးကွက်လိုအပ်ချက်အား လုံလောက်စွာရရှိမှုကို သိရှိရပါ သည်။ အခြားတိုင်းဒေသကြီးများရှိ ဈေးကွက်များသို့ တင်ပို့မှုမရှိသောကြောင့် ခြံဖမ်းဈေးနှုန်း တည်ငြိမ်မှုရှိနေပါသည်။ ဒေသတွင်း မွေးမြူရေးခြံများမှ လုံလောက်စွာရရှိမှုကြောင့် သယ်ယူစရိတ် လျော့ကျခဲ့ပြီး၊ လက်လီ(ခုတ်သား)ဈေးနှုန်းတွင် လျော့ကျမှုရှိလာပါသည်။
ရာသီဥတုအနေအထားအရ ရန်ကုန် ငါးဒိုင်များသို့ ငါးဝင်ရောက်မှုလျော့ကျခဲ့ပါသည်။ ငါး ဝင်ရောက်မှုလျော့ကျခဲ့သဖြင့် ငါးဈေးနှုန်း မြင့်တက်မှုရှိခဲ့ပါသည်။ ရန်ကုန် ငါးဒိုင်ဈေးနှုန်း မြင့်တက် မှုကြောင့် ဒေသတွင်း ငါးပွဲရုံလက်ကားဈေးတွင် မြင့်တက်မှုရှိခဲ့ပြီး၊ လက်လီ(ခုတ်သား)ဈေးနှုန်းတွင် မြင့်တက်မှုရှိခဲ့ရပါသည်။ ပုဇွန်ထုပ်(ကြီး) ဝင်ရောက်မှုပုံမှန်အနေအထားရှိခဲ့ပြီး အကောင်အရွယ်အစား အနည်းငယ်လျော့ကျမှုရှိသည်ကို သိရှိရပါသည်။ ဝယ်ယူသုံးစွဲမှု လျော့နည်းမှုကြောင့် ဈေးနှုန်း အနည်းငယ် လျော့ကျမှုရှိလာသည်ကို သိရှိရပါသည်။
DOCA(နေပြည်တော်ကောင်စီ)