ကျွန်းလှမြို့နယ်အတွင်း အနည်းငယ်ကျဆင်လာသော ပြောင်းချို ဈေးနှုန်း

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျက်ရှိရာ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေဖြင့် ပြောင်းချိုပင်များ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ပြောင်းချိုဖူး ဈေးနှုန်း အနေဖြင့် ပြောင်းချို အဖူးကြီး တစ်ဖူးလျှင်(၇၀၀)ကျပ်၊ ပြောင်းချို အဖူးလတ် တစ်ဖူးလျှင်(၅၀၀)ကျပ် နှင့် ပြောင်းချို အဖူးသေး တစ်ဖူးလျှင်(၃၅၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ဇွန်လ တတိယပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ပြောင်းချိုဖူး ဈေးနှုန်း အနေဖြင့် ပြောင်းချို အဖူးကြီး တစ်ဖူးလျှင်(၅၀၀)ကျပ်၊ ပြောင်းချို အဖူးလတ် တစ်ဖူးလျှင်(၃၅၀)ကျပ်၊ ကျပ်(၁၀၀၀)ဖိုးလျှင်(၃)ဖူး နှင့် ပြောင်းချို အဖူးသေး တစ်ဖူးလျှင်(၂၅၀)ကျပ်၊ ကျပ်(၁၀၀၀)ဖိုးလျှင်(၄)ဖူး ဈေးနှုန်းတို့ဖြင့် အ‌ရောင်း အဝယ် ဖြစ်လျက်ရှိသောကြောင့် ယခင်အပတ်ဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပြောင်းချို ဈေးနှုန်း အနည်းငယ် ကျဆင်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Doca(စစ်ကိုင်း)