
ပြည်တွင်းစားသုံးမှုနှင့်ပြည်ပတင်ပို့သည့်ထောပတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ အများအပြားဝင်ရောက်လျက်ရှိ ကြောင်းသိရ ပါသည်။မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၄-၂၀၂၅ ခုနှစ် ထောပတ်ပဲသီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊အထွက်နှုန်း(၆.၅၁)တင်း နှင့်အထွက် (၁၅၅၂၇၁) တင်းဖြစ် ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဇွန်လတတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ထောပတ်ပဲ(ကြီး)၃၁၀၀၀၀ကျပ်နှင့် ၃၁၅၀၀၀ကျပ်၊ထောပတ်ပဲ(သေး) ၂၆၅၀၀၀ ကျပ်၊ ထောပတ် ပဲ(ဂေါက်) ၃၂၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ထောပတ်ပဲ (ကြီး) ၅၅၅၁ ကျပ်နှင့် ၅၆၀၀ ကျပ်၊ ထောပတ်ပဲ(သေး) ၄၇၁၁ ကျပ်၊ ထောပတ်ပဲ(ဂေါက်) ၅၆၈၉ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ထောပတ်ပဲ(ကြီး) ၈၀၀၀ ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး ကာလ တူပေါက်စျေးနှိုင်းယှဉ်ပါကထောပတ်ပဲစျေးမှာ လျော့နည်းသွားကြောင်း သိရပါသည်။ ထောပတ်ပဲ ဝင်ရောက်မှု ပမာဏပေါ်မူတည်၍ ရက်အလိုက် ပေါက်စျေးအနည်းငယ် ပြောင်းလဲမှုရှိ ကြောင်း သိရပါသည်။
DOCA(မန္တလေး)