အရောင်းသွက်သည့်အစေ့ထုတ်ပြောင်း

Powered by Drupal

  ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်း တွင်သုံးစွဲမှု များပြားခြင်း၊ ပြည်ပတင်ပို့ခြင်းတို့ကြောင့် မန္တလေးစျေးကွက်တွင် အရောင်းသွက်သည့် ကုန်စည်ဖြစ် ကြောင်း    သိရပါသည်။  မန္တလေးအစေ့ထုတ်ပြောင်းစျေးကွက်သို့    ရှမ်းပြည်နယ်မှ အများအပြား ဝင်ရောက်လျက် ရှိပြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှလည်းဝင်ရောက်လျက်ရှိကြောင်း သိ ရပါ သည်။  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂  ဧက၊  ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက်နှုန်း   ၄၉.၅၅   တင်း၊ အထွက်တင်းစုစုပေါင်း ၆၆၀၅၉၁ တင်းဖြစ်ကြောင်းသိရပါသည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင်၂၀၂၅ ခုနှစ် ဇွန်လတတိယပတ်အတွင်း ဖြစ်ပေါ်သည့်အစေ့ ထုတ်ပြောင်းစျေးမှာ ၃ တင်း ဝင်တစ်အိတ်လျှင် ပြောင်းဖူးစေ့(ဗမာ) ၈၆၀၀၀ ကျပ်နှင့် ၈၇၀၀၀ကျပ်၊ ပြောင်းဖူးစေ့(ရှမ်း)  ၈၉၀၀၀ ကျပ်နှင့် ၉၀၀၀၀ ကျပ်၊ ပြောင်းဖူးစေ့ (စီပီ) ၈၉၀၀၀ကျပ်နှင့် ၉၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ဗမာ) ၁၅၉၃ ကျပ်နှင့် ၁၆၁၁ ကျပ်၊ ပြောင်းဖူးစေ့(ရှမ်း)၁၆၄၈ကျပ် နှင့် ၁၆၆၇ကျပ်၊ ပြောင်းဖူးစေ့(စီပီ) ၁၆၄၈ ကျပ်နှင့် ၁၆၆၇ကျပ်စျေး တို့ဖြစ်ကြောင်းသိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပြောင်းဖူးစေ့(ဗမာ) ၁၂၅၉ကျပ်နှင့်၁၂၇၈ကျပ်၊ပြောင်းဖူးစေ့(ရှမ်း)၁၃၁၅ ကျပ် နှင့် ၃၃၃ ကျပ်၊ ပြောင်းဖူးစေ့(စီပီ) ၁၃၁၅ကျပ်နှင့်၁၃၃၃ ကျပ်တို့ ဖြစ်ကြောင်း သိရပါသည်။ယခုနှစ် စေျးနှင့်ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက  တစ်ပိဿာလျှင် ၃၀၀ ကျပ်အထက်  ပိုမိုရရှိကြောင်း သိရပါသည်။