၂၀၂၅ ခုနှစ် ဇွန်လနောက်ဆုံးပတ်တွင် မော်လမြိုင်မြို့နယ်၊ သံလွင်ဈေးတွင် ရာသီစာ ဟင်းသီးဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများနှင့် ဒေသထွက်ကုန်များ ရောင်းချလျက်ရှိပါသည်။ ဒေသထွက် ကြက်ဥများ၊ ငုံးဥများ၊ ဘဲဥဈေးနှုန်းများအနေဖြင့် ကြက်ဥ အလုံးကြီး (၁) လုံးလျှင် (၅၀၀) ကျပ်မှ (၅၅၀) ကျပ် ဖြင့်လည်းကောင်း၊ ကြက်ဥ အလုံးသေး (၁) လုံးလျှင် (၄၅၀) ကျပ်၊ ဘဲဥ (၁) လုံးလျှင် (၆၀၀) ကျပ်၊ ငုံးဥ (၁၂) လုံးပါတစ်ထုပ်လျှင် (၁၀၀၀) ကျပ်ဖြင့် လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA (မွန်)