အရောင်းသွက်သည့်စားတော်ပဲ

Powered by Drupal

   စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက်သည့် ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပြင်ဦးလွင်၊  မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊ မတ္တရာနှင့် မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုးပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု  ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်းသိ ရပါ သည်။ မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်  ၂၀၂၅ခုနှစ်  ဇွန်လ တတိယပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ  ၃တင်းဝင်တစ်အိတ်လျင် စားတော်ပဲ (ကနေဒါ)    ၃၉၅၀၀၀ ကျပ်နှင့် ၄၀၀၀၀၀ ကျပ်၊ စားတော်ပဲ(ကျွန်း) ၄၈၀၀၀၀ ကျပ်နှင့် ၅၂၀၀၀၀ကျပ်၊တစ်ပိဿာလျှင်  စားတော်ပဲ (ကနေဒါ)  ၆၆၆၇ ကျပ်နှင့် ၆၇၁၁ ကျပ်၊ စားတော်ပဲ (ကျွန်း) ၈၁၀၁ကျပ်  နှင့် ၈၇၇၆ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာပေါက်စျေးမှာစားတော်ပဲ (ကနေဒါ)၅၇၃၈ ကျပ်နှင့် ၅၈၂၃ ကျပ်၊စားတော်ပဲ(ကျွန်း) ၄၅၅၇ ကျပ်နှင့် ၄၉၇၉ ကျပ်ဖြစ်ပြီး၊ယခု နှင့် ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင်   စားတော်ပဲ (ကနေဒါ) ၉၂၈ ကျပ်နှင့် စားတော်ပဲ(ကျွန်း) ၃၇၉၇ ကျပ်တို့စျေးပိုမိုရရှိပြီး၊ သီးနှံပေါက်စျေးမှာ အချိန်နှင့်လိုက်၍ ပြောင်းလဲမှု အနည်းငယ် ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)