ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ကြက်မောက်သီး ဈေးနှုန်း

Powered by Drupal

ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော် သီး၊ ဖရဲသီး၊ ကြက်မောက်သီး၊ နာနတ်သီး၊ ငှက်ပျောသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ ကြက်မောက်သီးကိုလည်း မန္တလေးမြို့နှင့်လားရှိုးမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေ‌သော ကြက်မောက်သီး ဈေးနှုန်း အနေဖြင့် ကြက်မောက်သီး အကြီး တစ်လုံးလျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၃)လုံးနှင့် ကြက်မောက်သီး အသေး တစ်လုံးလျှင် (၂၅၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင် ဈေးတွင် သစ်သီးဝလံမျိုးစုံ ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)