
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့အတွင်း ကန်ကြီးထောင့်မြို့ပေါ်နှင့်အနီး တစ်ဝိုက်ရှိကျေးရွာများမှ တောင်သူများသည် ဒေသထွက်ကုန်နှင့် စားဖိုဆောင်သီးနှံများကို တစ်ပိုင်တစ်နိုင်အနေဖြင့်လည်းကောင်း၊ စီးပွားဖြစ်အနေဖြင့်လည်းကောင်း သီးနှံများကိုစိုက်ပျိုး၍ အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချလျက်ရှိပါသည်။
၂၀၂၅ခုနှစ်၊ ဇွန်လစတုတ္ထပတ်အတွင်း ကန်ကြီးထောင့်မြို့ပေါ်ရှိ မြို့မဈေးသစ်ဈေးတွင် ရောင်းချနေသော မာလကာသီးဈေးနှုန်းများမှာ အကြီးတစ်လုံးလျှင် (၁၅၀၀) ကျပ်၊ အလတ်တစ် လုံးလျှင် (၁၀၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။
DOCA(ဧရာဝတီ)