
မြိတ်မြို့သည် တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာနိုင်ငံတောင်ပိုင်းအစွန်း၌တည်ရှိပြီး ရာဘာ၊ ကွမ်းသီး၊ ဆီအုန်း၊ ဒူရင်းသီး၊ မင်းဂွတ်သီးနှင့် ကြက်မောက်သီးတို့ စိုက်ပျိုးကြပြီး ပင်လယ်အားအခြေပြု၍ ရေလုပ်ငန်းအားအဓိကအားထားကာ စီးပွားရေးအဆင်ပြေလျက်ရှိ ပါသည်။
မြိတ်မြို့နယ်ဒေသထွက်ကုန်ပစ္စည်းများ၏ ၂၀၂၅ခုနှစ်၊ ဇွန်လတတိယပတ်အတွင်း ဖြစ် ပေါ်လျက်ရှိသောစျေးနှုန်းများမှာ ဆားပေါ့အချိုကဲ အရသာပုဇွန်ခြောက်အကြီး (၂၅)ကျပ်သား လျှင် (၃၇၅၀၀)ကျပ်၊ ပုဇွန်ခြောက်အသေး (၂၅)ကျပ်သားလျှင် (၃၀၀၀၀) ကျပ်၊ ပုဇွန်ချဉ် (၁၅၀၀၀)ကျပ်၊ ငပိ(၁)ပိဿာတစ်ထုပ်လျှင် (၂၀၀၀၀)ကျပ်၊ ငပိ(၁)ပိဿာ (၃၀)ကျပ်သား တစ်ထုပ်လျှင်(၂၇၀၀၀)ကျပ်၊ ငပိ (၆၅)ကျပ်သား တစ်ဗူးလျှင်(၁၃၅၀၀)ကျပ်၊ ငပိ (၅၀)ကျပ် သား တစ်ဗူးလျှင်(၁၁၀၀၀)ကျပ်၊ ငပိ(၂၅)ကျပ်သား တစ်ဗူးလျှင်(၅၅၀၀)ကျပ်၊ ငပိထောင်း ဗူးကြီးတစ်ဗူးလျှင် (၆၅၀၀)ကျပ်၊ ငပိထောင်း ဗူးသေးတစ်ဗူးလျှင် (၃၅၀၀)ကျပ်၊ ငါးအူမျှင် ခြောက်(၁၀)ကျပ်သားလျှင် (၁၅၀၀၀)ကျပ်၊ ကင်းမွန်လုံးခြောက်(၂၀)ကျပ်သားလျှင် (၁၈၀၀၀) ကျပ်၊ ကတ်ကြီးကိုက်အခြောက်(၁၂၀)ဂရမ် တစ်ထုတ်လျှင်(၃၀၀၀)ကျပ်၊ အာပြဲ ခြောက် (၂၅)ကျပ်သားလျှင် (၁၄၀၀၀)ကျပ်၊ အောင်ပင်လယ်ငါးမုန့် တစ်ထုပ်လျှင်(၄၀၀၀) ကျပ်၊ ဓနိပျားဗူးသေးတစ်ဗူးလျှင် (၃၅၀၀)ကျပ်၊ ဓနိပျားဗူးကြီးတစ်ဗူးလျှင် (၇၀၀၀)ကျပ်၊ ကရမစ်အရည်တစ်ဗူးလျှင် (၂၀၀၀) ကျပ်၊ ကရမစ်အခဲတစ်ခဲလျှင်(၁၀၀၀)ကျပ်၊ တောင်တန်း ကြီးအရည်တစ်ဗူးလျှင်(၂၀၀၀)ကျပ်၊ တောင်တန်းကြီးအခဲတစ်ခဲလျှင် (၁၀၀၀)ကျပ်၊ ကမ်း ဇော်ဆီတစ်ဗူးလျှင် (၄၀၀၀၀)ကျပ်နှုန်းဖြင့် မြိတ်ဒေသထွက်ပစ္စည်းအရောင်းဆိုင်ဖွင့်လှစ် ရောင်းချနေရုံသာမက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ပျဉ်းမနားနှင့် တောင်ကြီးမြို့များ သို့ အိမ်အရောက်ငွေချေစနစ်ဖြင့်ပါ ရောင်းချလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။
DOCA(တနင်္သာရီ)