
ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီးတွင် ပြောင်းဖူးများ စျေးကောင်းလျက်ရှိပါသည်။ ပြောင်းဖူးကိုပြုတ်၍စားကြသလို ကြော်၍ဟင်းလျာအဖြစ်လည်း စားသုံးကြပါသည်။ စားသောက်ဆိုင်များတွင် ရောင်းချသော မာလာရှမ်းကော၊ ဟော့ပေါ့များထဲတွင်လည်း ပါဝင်ပစ္စည်းအဖြစ် အသုံးပြုကြပါသည်။ ပြောင်းဖူးကို ဖုတ်စားပါက အနံ့မွှေးပြီးစားကောင်းပါသည်။ ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီးတွင် ပြောင်းဖူးအသေး/အကြီးအလိုက် တစ်ဖူးလျှင် ၁၀၀၀ကျပ်မှ ၁၂၀၀ကျပ်ဖြင့် ရောင်းချနေကြောင်း သိရပါသည်။ ပြောင်းဖူးများ စျေးကောင်းလျက်ရှိကြောင်း စည်ပင်သာယာစျေးကြီးတွင် ပြောင်းဖူးပြုတ်ရောင်းချသူတစ်ဦးထံမှ သိရပါသည်။
DOCA(တနင်္သာရီ)