
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ထားဝယ်မြို့နှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာများ၌ စီးပွားဖြစ်ဘုရားပန်းများ စိုက်ပျိုးရောင်းချလျက်ရှိပြီး လူကြိုက်များသော နှင်းဆီပန်းများကို နေပြည်တော် ၊ရန်ကုန်နှင့် မော်လမြိုင်တို့ဘက်မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။ နှင်းဆီပန်းများမှာ ဘုရားပန်းအတွက်သာမက လက်ဆောင်ပေးရာ၌လည်း အဓိကထားအသုံးပြုကြသည့်အတွက် ဈေးကောင်းရကြောင်းလည်း သိရှိရပါသည်။
၂၀၂၅ခုနှစ်၊ ဇွန်လနောက်ဆုံးပတ်အတွင်း ပန်းရောင်းချသူများ၏ ပြောပြချက်အရ နှင်းဆီပန်း တစ်ပွင့်လျှင် (၁၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)