
ဂျပန်နိုင်ငံ၏ စက်မှုလုပ်ငန်းများသည် လွန်ခဲ့သော (၁၁) လ အတွင်း၌ ကျဆင်းမှုများရှိနေခဲ့သော်လည်း ယခုလအတွင်း စက်မှုလုပ်ငန်းများ ပြန်လည် တက်ကြွလာတာကို တွေ့ရှိရပါသည်။ စက်မှုလုပ်ငန်းများ၏ အတက်အကျ အခြေအနေအား ဖော်ပြသည့် PMI (Purchasing Managers’ Index) သည် ၅၀.၄ အထိ တက်လာခဲ့ကြောင်းကို ဇွန်လ၂၃ ရက်နေ့က u Jibun Bank ကိန်းကဏန်း ဖော်ပြ ချက်များအရ သိရှိရပါသည်။ PMI သည် ၅၀ ထက် အောက်ကျနေ ပါက စီးပွားရေးကျဆင်း နေတယ် လို့ဆိုရမှာ ဖြစ်ပြီး PMI မှာ ၅၀ အထက် ရှိနေပါက စီးပွားရေးပြန်လည် တက်ကြွလာတယ်လို့ သတ်မှတ် လို့ရပါသည်။ ဂျပန်နိုင်ငံသည် လွန်ခဲ့သော(၁၁)လအတွင်း၌ PMI မှာ ၅၀ အောက်သာရှိနေခဲ့ခြင်း ဖြစ်ပါသည်။ တက်လာနေတယ်လို့ ဆိုနိုင်တယ်ဟု သိရှိရပါသည်။
DOCA(ဧရာဝတီ)