
အမေရိကန်အစိုးရက ရေထွက်ကုန်ပစ္စည်း (fisheries products) တင်သွင်းမှုအပေါ် အခွန် ၂၅% အထိ ထည့်သွင်းရန် ကောက်ခံသွားမည်ဖြစ်ကြောင်းကြေညာလိုက်ပါသည်။ အဆိုပါ အခွန်သစ် စနစ်ကြောင့် မက္ကဆီကို၊ ကနေဒါ၊ ဘရာဇီးနဲ့ တခြားတင်ပို့သူနိုင်ငံများအတွက် ထိခိုက်မှုတွေ ဖြစ်ပေါ်နိုင်ပါသည်။ မက္ကဆီကို၊ ကနေဒါနဲ့ အမေရိကန်တို့သည် သုံးနိုင်ငံသဘောတူညီမှု United States-Mexico-Canada Agreement (USMCA) အား ချုပ်ဆိုထားကြပြီး အဆိုပါသဘောတူညီချက်အရ ဆိုပါက ကုန်စည်များကို တင်သွင်းရာတွင် အခွန်ကင်းလွတ်ခွင့် ရရှိပါသည်။
သို့သော် အမေရိကန်အစိုးရသည် USMCA စည်းမျဉ်းအတိုင်းမဟုတ်ဘဲ ရေထွက်ကုန်ပစ္စည်းများအား အခွန်တိုးမြှင့် ကောက်ခံခဲ့သည့်အတွက် မက္ကဆီကို၊ ကနေဒါနဲ့ ဘရာဇီး တို့အတွက် အမေရိကန် ဈေးကွက် ထဲဝင်ရခက်လာနိုင်ခြင်း၊ ကုန်ပစ္စည်းဈေးနှုန်းမြင့်တက်လာနိုင်ခြင်းနှင့် ရေထွက်ကုန်ပစ္စည်းများအား အခြားနိုင်င့များဖြင့် ပူးတွဲ၍ ဆောင်ရွက်ပါက အခွန်ဆောင်ရမည်ဖြစ်ခြင်း စသည့် အခက်အခဲများကို ရင်ဆိုင်လာရနိုင်ပါကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါသည်။
DOCA(ဧရာဝတီ)