ပခုက္ကူဈေးကွက်တွင် ကုလားပဲဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်နေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ  ၂၀၂၅ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)တွင် ပြည်တွင်းသုံးကုလားပဲဈေးကွက် ဈေးဆက်လက်မြင့်တက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်သို့ ကုလားပဲသီးနှံစိုက်ပျိုးရာ ဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ပေါက်၊ ရေစကြို မြို့နယ်တွင်းရှိ ကျေးရွာ များအပြင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်းတိုင်းဒေသ ကြီး အတွင်းရှိ ကျေးရွာများမှ အများဆုံး ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုအချိန်တွင် တောင်သူများတွင် သီးနှံလက်ကျန် နည်းချိန်ရောက်ရှိပြီး ကုန်သည်ကြီးများမှ ဝယ်ယူသိုလှောင်ထားရှိသော ကုလားပဲများကို ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)တွင် ကုလားပဲမျိုးစုံ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် (V2)တစ်တင်းလျှင် ကျပ်(၈၉၀၀၀-၈၈၅၀၀)၊ ကုလားပဲ(V6) တစ်တင်း လျှင် ကျပ်(၉၀၀၀၀-၈၈၀၀၀)၊ ကုလားပဲ(HL) တစ်တင်းလျှင် ကျပ်(၈၇၀၀၀)၊ ကုလားပဲ(929) တစ်တင်းလျှင် ကျပ်(၈၈၀၀၀) အရောင်းအဝယ်ဖြစ်နေပြီး ယခင်ဇွန်လ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပွဲရုံဈေးကွက်တွင် နေ့စဉ်  ပိဿာ(၂၀) ဝင်အိတ်(၁၅၀၀ မှ ၂၀၀၀)ခန့်ထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူပွဲရုံ ဈေးကွက်သို့ ဝင်ရောက် သည့် ကုလားပဲများကို တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးမျိုးထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိ ပဲခွဲစက် လုပ်ငန်းရှင်များ၊ ပဲကြော်/ပဲမုန့်(အစိမ်း/အကျက်)ထုတ်လုပ်သော လုပ်ငန်းရှင်များမှ ဝယ်ယူမှုများ ကြောင်း၊ ကုလားပဲဈေးမြင့်တက်၍ ကုလားပဲခြမ်းများလည်း တစ်ပြည်လျှင် ကျပ်(၈၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်းဝယ်ယူသုံးစွဲမှုအပြင် ရန်ကုန်၊ မန္တလေးဈေးကွက်သို့ အများ ဆုံးတင်ပို့ကြောင်း၊ ကုလားပဲသီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ပြည်တွင်းစားသုံးမှုများ၍ ယခုအချိန်တွင် ရောင်းလိုအားဝယ်လိုအားကောင်းပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)