သံပုရာသီးကောင်းကျိုးနှင့် သံပုရာသီးဈေးကွက်

Powered by Drupal

            မြန်မာ့အစားအစာတွေမှာ အသီးအရွက်သုပ်လေးတွေ စားလေ့ရှိကြတဲ့အခါ သံပုရာသီးကို အသုံးပြုကြပါသည်။ သံပုရာသီးက မွှေးတာကြောင့် အနံအသက်ကို ကိုလည်းထိန်းပေးပြီး၊ အဆီစာတွေ စားပြီးတဲ့အခါ ဒါမှမဟုတ် ခေါင်းမူးတဲ့အခါ သံပုရာသီးကို ဖျော်သောက်လိုက်လျှင် ကြည်လင်လန်းဆန်းစေနိုင်ပါသည်။ သံပုရာသီးဟာ ဗီတာမင်ဆီ အရမ်းကို ကြွယ်ဝတဲ့ အရည်ရွမ်းသီးဖြစ်ပါသည်။ သူ့မှာ အမျှင်ဓာတ်နှင့် ကယ်လ်စီယမ်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ကော့ပါး၊ မဂ္ဂနီဆီယမ်တို့လို သတ္တုဓာတ်တွေကြွယ်ဝစွာပါရှိတဲ့အပြင် အခွံမှာလည်း ပိုလီဖီနော်လ်နှင့် တာပန်းတို့လို ဓာတ်တွေပါဝင်ပါသည်။

          နွေရာသီကာလအချိန်တွင် ရာသီဥတု ပူပြင်းလွန်းသည့်အတွက် သံပုရာသီးအထွက်နှုန်းနည်းပြီး ဈေးကွက််တွင် ရောင်းချသောဈေးနှုန်းမှာ သံပုရာသီးတစ်လုံးလျှင် (၃၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀) ကျပ် ရောင်းချကြပါသည်။ မိုးရာသီကာလတွင် သံပုရာသီးလှိုင်လှိုင်ပေါလာ၍ သံပုရာသီး(၁) ပင်လျှင် ပျမ်မျှ အလုံးရေ (၅၀၀) ခန့် အသီးအားကောင်းပြီး သံပုရာသီးဈေးနှုန်းမှာ  ကျဆင်းလာပါသည်။ ယခု မိုးရာသီ သံပုရာသီးဈေးမှာ အကြီးတစ်လုံးလျှင် (၁၀၀) ကျပ်နှင့် အသေးတစ်လုံးလျှင် (၅၀) ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)