ပခုက္ကူမြို့၏ နာနတ်သီးဈေးနှုန်းဈေးကွက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်သို့ သီပေါနှင့် ကျောက်မဲမြို့တို့မှ နာနတ်သီးများ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် နာနတ်သီး များလှိုင်လှိုင်ပေါသော ရာသီဖြစ်ပြီး  ရှမ်းပြည်(မြောက်ပိုင်း)ဒေသဖြစ်သည့် ကွတ်ခိုင်၊ နောင်ချို၊ သီပေါ၊ ကျောက်မဲတို့မှ အများဆုံး ထွက်ရှိကြောင်း၊ ၎င်းဒေသတို့မှထွက်ရှိသော နာနတ်သီးများကို မြန်မာပြည်အနှံ့အပြားသို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရသည်။

     ပခုက္ကူမြို့၏အနောက်ဘက် ပန်းခြံဈေး၊ မြို့မစည်ပင်ဈေးနှင့် သစ်သီးဆိုင်များတွင် နာနတ် သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)တွင် ဈေးနှုန်းအနေဖြင့် နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်(၁၇၀၀-၁၅၀၀)၊ အလတ်တစ်လုံးလျှင် ကျပ်(၁၃၀၀)၊ အသေး တစ်လုံးလျှင် ကျပ်(၁၀၀၀)ဖြင့် အရွယ်အစားကိုလိုက်၍ ရောင်းချလျက်ရှိကြောင်း၊ ဝင်ရောက်လာသော နာနတ်သီးများကို လက်လီရောင်းချနေသော ဈေးသည်များကလည်း တစ်ဆင့်ပြန်လည် ရောင်းချခြင်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

     နာနတ်သီးသည် အမျှင်ဓါတ်ကြွယ်ဝစွာပါရှိခြင်းကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေသည့်အပြင် သွေးအတွင်း မကောင်းသော အဆီဓာတ်များကိုပါလျော့ချနိုင်သောကြောင့် သွေးတိုးရောဂါ ဖြစ်ပွားခြင်းများကိုလည်း လျှော့ချပေးနိုင်ကြောင်း၊ ထို့ပြင် မျက်စိအမြင်အာရုံကို အထောက်အကူဖြစ်စေသော ကျန်းမာရေးဆေးဖက်ဝင် သီးနှံတစ်မျိုးဖြစ်၍ ဝယ်ယူစားသုံးမှုများကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)