
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃.၆.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မင်းဘူးမြို့၊ ကျောက်မဲတောင်အုပ်စု၊ ကန်ရေ ကျေးရွာရှိ မိုးနှမ်းစိုက်တောင်သူနှင့်တွေ့ဆုံ၍ မိုးနှမ်းစိုက်ပျိုးမှုအခြေအနေအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။
တောင်သူအနေဖြင့် မိုးနှမ်း(မဂျမ်းတော)နှင့်ပဲစဉ်းငုံသီးနှံအရော(၇)ဧကခန့် စိုက်ပျိုးထား ကြောင်း၊ ၂၀၂၅ခုနှစ်၊ မေလ(တတိယပတ်)အတွင်း စိုက်ပျိုးပြီး ဩဂုတ်လ(ပထမပတ်)တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ နှမ်းဖြူ(မဂျမ်းတော)မျိုးနှင့် ပဲစဉ်းငုံမျိုးကို ကုန်းသာရွာမှ မျိုး(၁)ပြည်လျှင် ကျပ်(၁၀၀၀၀)ဖြင့်ဝယ်ယူပြီး ကြောင်းဆွဲစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ (၁)ဧကလျှင် နှမ်းဖြူမျိုး (၇)ဘူးနှင့် ပဲစဉ်းငုံ(၁)ဘူးခန့် ကုန်ကျကြောင်း၊ မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစုနှင့်လုပ်အားခ အပါအဝင် ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၂)သိန်းကျော်ဖြစ်၍ စုစုပေါင်း ကျပ်(၁၅)သိန်း ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က မိုးခေါင်၍ အပင်များသေဆုံးခြင်း၊ အသီးတင်မှုနည်း၍ အထွက်နှုန်း လျော့နည်းခြင်းများရှိ၍ အရှုံးပေါ်ခဲ့သော်လည်း ယခုလက်ရှိအချိန်တွင် မိုးကောင်း၍ အပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
DOCA(မကွေး)