
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီမှဦးဆောင်ကာ(၂၃.၆.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)အချိန်မှစတင်၍ အခြေခံစားသောက် ကုန် ဆန်၊ဆီ၊ ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများဝယ်ယူအသုံးပြုနိုင်ရေး ရောင်းချပေးလျက်ရှိပါသည်။ ဆန်၊ ကြက်ဥနှင့် စားအုန်းဆီများရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဘိုဘိုနှင့် မြို့နယ် ဆီလုပ်ငန်းရှင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် ကြက်ဥ တစ်လုံးလျှင် ၃၀၀/- ကျပ်ဖြင့် အလုံး ၁၀၀၀ ကို လည်းကောင်း၊ စားအုန်းဆီ ၅၀ ကျပ်သား (ဘူးခွံအပါ)လျှင် ၃၅၀၀/- ကျပ်နှုန်းဖြင့် ပိဿာချိန် (၁၀၀)နှင့် ဆင်းသုခ ဆန်တစ်ပြည်လျှင် ၂၀၀၀/- ကျပ် တစ်ဦးလျှင် (၂)ပြည်နှုန်းဖြင့် ဆန်(၇)အိတ် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ရောင်းချ ခြင်းကို ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)