
ပြည်ခရိုင်အတွင်းရှိ ပြည်မြို့ရှိဈေးကွက်များတွင် ဇွန်လ တတိယပတ်တွင်ရောင်းချနေသော သီးနှံများ၏ဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ရှမ်း) လက်လီတစ်ပိဿာလျှင် ၁၁၀၀၀ကျပ်၊ လက်ကား တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) လက်လီတစ်ပိဿာလျှင် ၁၇၀၀ကျပ်၊ လက်ကား တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ဈေး ရှိပါသည်။ မန္တလေးနှင့် ရှမ်းပြည်နယ်များမှ သယ်ယူရောင်းချရသည့် အတွက် သယ်ယူစရိတ်များ ဈေးမြင့်နေခြင်း၊ အဝင်နည်းလာခြင်းတို့ကြောင့် ဈေးမြင့်နေရခြင်းဖြစ်ပြီး အရောင်းအဝယ်မှာ အနည်းငယ်အေးကြောင်းသိရပါသည်။
အာလူးသီးနှံအနေဖြင့် ယခင်ပတ်က တစ်ပိဿာလျှင် ၃၇၀၀-၄၅၀၀ ကျပ်ဈေးရှိပြီး ယခုတစ်ပတ်တွင်လည်း တစ်ပိဿာလျှင် ၃၇၀၀-၄၅၀၀ကျပ် ဈေးရှိသဖြင့် အာလူးဈေးများ ငြိမ်လျက်ရှိပါသည်။
ကြက်သွန်နီဈေးမှာ ယခင်အပတ်တွင် တစ်ပိဿာကို ၂၀၀၀-၂၅၀၀ကျပ်ဖြစ်ပြီး ယခုအပတ်တွင် တစ်ပိဿာကို ၁၈၀၀-၂၂၀၀ကျပ်ဖြင့် ရောင်းချနေသဖြင့် ယခုအပတ်မှာ ဈေး အနည်းငယ်ကျဆင်းလာသည်ကို တွေ့ရပါသည်။
ဟင်းသီးဟင်းရွက်ကဏ္ဍအနေဖြင့် ဒေသတွင်းစိုက်ပျိုးသည့် သီးနှံအနေဖြင့် စိုက်စရိတ် မြင့်မားလာခြင်းနှင့် သယ်ယူစရိတ်ဈေးမြင့်လာခြင်းတို့ကြောင့် ယခင်နှစ် ဈေးနှင့်နှိုင်းယှဉ်လျှင် ဈေးမြင့်လာရခြင်းဖြစ်ပြီး ခရမ်းချဉ်သီးဈေးမှာ ယခုအပတ်တွင် ရှမ်းသီးလက်လီတစ်ပိဿာလျှင် ၃၂၀၀ကျပ်၊ လက်ကား တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့် ဈေးငြိမ်လျက်ရှိပါသည်။
မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲသီးနှံများအနေဖြင့် ရန်ကုန်ဝယ်လက်များပေါ် မူတည်၍ အရောင်းအဝယ်ဖြစ်သည့်အတွက် ဈေးနှုန်းအနေဖြင့် ယခင်ပတ်နှင့်ယှဉ်လျှင် အနည်းငယ် ဈေးကျလျက်ရှိပါသည်။
သားငါးကဏ္ဍအနေဖြင့် အစာဈေးများ ဈေးနှုန်းမြင့်တက်လာခြင်းနှင့် သယ်ယူစရိတ်များ ဈေးမြင့်လာခြင်းတို့ကြောင့် ယခင်နှစ် ဈေးနှင့်ယှဉ်လျှင် ဈေးနှုန်းမြင့်တက်နေရခြင်းဖြစ်ပြီး အမဲသား၊ ဆိတ်သား အသားဈေးများအနေဖြင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)