
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် တိုင်း/ပြည်နယ်များမှ သစ်သီးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး ဇွန်လ (၂၁) ရက်နေ့ မှ ဇွန်လ (၂၄) ရက်နေ့အထိ ဖြစ်ပေါ် ခဲ့သော နမ့်ဆန်မှ နာနတ်သီး တစ်လုံး ကျပ် ၁၀၀၀/၁၅၀၀/၁၈၀၀၊ ပုပ္ပါးမှ နဂါးမောက်သီး ဂျပ်ဖာ ကျပ် ၁၂၀၀၀/၁၃၀၀၀/၁၅၀၀၀၊ မော်လမြိုင်မှ ကြက်မောက်သီး ၁၀ လုံး ကျပ် ၂၀၀၀၊ ရေးမှ ဒူးရင်းသီး တစ်လုံး ကျပ် ၅၀၀၀/၇၀၀၀/၁၂၀၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး ကျပ် ၁၅၀၀/၃၀၀၀/၅၀၀၀၊ ပြင်ဦးလွင်မှ မင်းဂွတ်သီး တစ်သေတ္တာ ကျပ် ၅၅၀၀၀၊ အောင်ပန်းမှ လိမ္မော်သီး တစ်ပိဿာ ကျပ် ၆၀၀/၇၀၀၊ ဝမ်းတွင်း မှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျပ် ၂၀၀၀/၃၀၀၀/၄၀၀၀၊ တိုက်ကြီးမှ မာလာကာသီး အိတ်တစ်အိတ် ၆၀၀၀၀ ကျပ်၊ ယိုးဒယားပန်းသီးတစ်သေတ္တာ ကျပ် ၁၅၀၀၀၀ တိုက်ကြီး မှ ပိန္နဲသီး ကျပ် ၄၀၀၀/၆၀၀၀/၈၀၀၀၊ မန္တလေး မှ သရက်သီး (ရင်ကွဲ) တစ်သေတ္တာ ကျပ် ၃၀၀၀၀/၄၀၀၀၀၊ ရှမ်းပြည်မှ သရက်သီး (စိန်တစ်လုံး) တစ်သေတ္တာ ကျပ် ၃၀၀၀၀/၂၅၀၀၀ ရှိကြောင်း သစ်သီးဈေးနှုန်းများသည့် ဈေးနှုန်းမြင့်တက်မှုမရှိဘဲ ယခင် တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းများ အနည်းငယ်သာ ပြောင်းလဲကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီး ဝလံပန်းမန် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူ များအသင်း (MFVP) မှ သိရှိရပါသည်။
DOCA(ရန်ကုန်)