
တောင်ကိုရီးယားနိုင်ငံမှ မော်တော်ကားထုတ်လုပ်သူ Hyundai Motor ကုမ္ပဏီသည် အမှတ်တံဆိပ် မလေးရှားစျေးကွက်ထဲသို့ဝင်ရောက်ပြီးနောက် အသစ်ဖွဲ့စည်းထားသော ပြည်တွင်းအဖွဲ့ အစည်းဖြစ်သည့် Hyundai Motor Malaysia ကို တရားဝင်တည်ထောင်ကြောင်း ဇွန်လ ၁၉ ရက်နေ့ တွင် ကြောညာခဲ့သည်။
အရေးပါသော စျေးကွက်များတွင် ဆက်ဆံရေးများ ခိုင်မာစေရန်၎င်း၏ ပိုမိုကျယ်ပြန့် သော တကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဤအကူအပြောင်းသည် အမှတ် တံဆိပ်၏ အနာဂတ်အတွက် မလေးရှား၏ မဟာဗျူဟာမြောက် အရေးပါမှုကို အားဖြည့်ပေးကြောင်း Hyundai ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို အကူးပြောင်းတွင် Hyundai သည် အမှတ်တံဆိပ်၊ စျေးကွက်ချဲ့ထွင်မှု၊ အရောင်းအဝယ်နှင့် ဖောက်သည်ရရှိရေးတို့အတွက် အပြည့်အဝ တာဝန်ယူရမည်ဖြစ်ပြီး ပိုမိုမြန်ဆန်သော စျေးကွက်နှင့်သက်ဆိုင်သောဆုံးဖြတ်ချက်မျာချရန်နှင့် ပိုမို ချိတ်ဆက်နိုင်သော ဖောက်သည် ချဉ်းကပ်မှုများပြုလုပ်နိုင်ရန် သီးသန့်ဒေသခံအဖွဲ့တစ်ဖွဲ့က အခွင့်အာဏာပေးထားကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)