လွိုင်ကော်မြို့ဖြစ်ပေါ်နေသော  အသား၊ငါးဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊သီရိမင်္ဂလာဈေး၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ စားသောက်ကုန်ဈေးနှုန်းများ ကွင်း ဆင်းကောက်ယူခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းကောက်ယူခဲ့ရာ လွိုင်ကော်မြို့တွင်ဖြစ်ပေါ်နေသော အသား၊ ငါးဈေးနှုန်း များမှာ ကြက်(CP)အသားတိုး (၁)ပိဿာလျှင် (၂၀၀၀၀/-)ကျပ်၊ ကြက်(CP)ဥနှုန်းကျ (၁)ပိဿာ လျှင် (၂၄၀၀၀/-)ကျပ်၊ ကြက်(ဗမာ) (၁)ပိဿာလျှင် (၃၂၀၀၀/-)ကျပ်၊ ဝက်သား (၁)ပိဿာလျှင် (၃၅၀၀၀/-)ကျပ်၊   အမဲသား(၁)ပိဿာလျှင် (၃၅၀၀၀/-)ကျပ်၊ ငါးမြစ်ချင်း (၁)ပိဿာလျှင် (၂၄၀၀၀/-) ကျပ်၊ ငါးကြင်း (၁)ပိဿာလျှင် (၂၄၀၀၀/-)ကျပ်၊ ငါးခူ (၁)ပိဿာလျှင် (၂၃၀၀၀/-)ကျပ်၊ အာပြဲခြောက် (၁)ပိဿာလျှင် (၃၄၀၀၀/-)ကျပ်၊ ငါးတံခွန် (၁)ပိဿာလျှင် (၁၈၀၀၀/-)ကျပ် စသည်တို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးစာရင်းကောက်ယူခဲ့သော လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ အသားနှင့်ငါးများရောင်းချလျက်ရှိသော ဈေးသည်များထံမှ သိရှိရပါသည်။

    အခြေခံစားသောက်ကုန်များဖြစ်သော (အသား၊ ငါး)များအား အဆမတန် ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းများ မပြုလုပ်ရန်၊ စည်ပင်သတ်မှတ်ဈေးနှုန်းနှင့် အမှန်တကယ် စားသုံးသူထံ ရောင်းချသောဈေးနှုန်းများ ကိုက်ညီမှုရှိစေရန် စသည်တို့အား ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)