ကျွန်းလှမြို့တွင် ရောင်းချနေသော ပျားသလက်ဈေးနှုန်း

Powered by Drupal

  ကန့်ဘလူခရိုင်၊ ကျွန်းမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိသော ပြည်သူများ ရှိသ လို စာဝတ်နေရေးအတွက် စိုက်ပျိုးရေးမဟုတ်ပဲ ကျရာပင်ပေါက် လုပ်ကိုင်ရသော လက်လုပ် လက်စားသမားလေးများလည်းရှိပါသည်။ ထိုလက်လုပ်လက်စားလုပ်ငန်း လုပ်ကိုင်ပြီး မိသားစု စားဝတ်နေရေးအတွက် တောတောင်ဒေသကိုအမှီပြု၍ ရာသီအလိုက် ပေါက်ရောက်သော သီးနှံများ ဖြစ်သည့် မျှစ်ရာသီ မျှစ်ချိုးခြင်း၊ မှိုရာသီ မှိုရှာခြင်းနှင့် နှမ်း၊ အခြားပန်းများနှင့် နေကြာပွင့်ချိန်တွင် ပျားဖွတ်၍ ပျားရည် နှင့် ပျားသလက် ရှာဖွေသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိသည့်အနက် ပျားသလက် နှင့် ပျားရည်ကို ကျွန်းလှမြို့ဈေးသို့ လာရောက်ရောင်းချကြပါသည်။

  ပျားသလက်ကို ငရုပ်သီထောင်းစားခြင်း၊ ကြက်ဟင်းခါးသီးနှင့်ရောကြော်ခြင်း၊ ပျားသလက်ကို ဟင်းချိုဟင်းထဲတွင်ခတ်ခြင်း နှင့် ပျားသလက်ကို အချိုကြော်စားခြင်း စသည့် မိမိတို့ ကြိုက်နှစ် သက်သည့် ပုံစံအမျိုးမျိုးဖြင့် လုပ်စားကြပါသည်။

   ယခု ဇွန်လ စတုထ္ထအပတ် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ပျားသလက် ဈေးနှုန်းအနေဖြင့် ပျားသလက် တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်နှုန်း၊ ပျားသလက် (၁၀)ကျပ်သားခန့် တစ်ပြားလျှင်(၁၀၀၀)ကျပ် နှင့် ပျားသလက် (၅)ကျပ်သားခန့် တစ်ပြားလျှင် (၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပျားသလက်ရောင်းချနေသည့် ဈေး သည်တစ်ဦးထံမှ သိရပါ သည်။
DOCA(စစ်ကိုင်း)