တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ကြက်မောက်သီးဈေးနှုန်း

Powered by Drupal

ကြက်မောက်သီးကို မြန်မာနိုင်ငံတောင်ပိုင်းဖြစ်သော ကရင်၊ မွန်၊ တနင်္သာရီတိုင်းတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ကြက်မောက်သီးပင်၏ ထူးခြားချက်မှာ အဖိုပင် အမပင်ဟူ၍ နှစ်မျိုးရှိသည်။ ကြက်မောက်ပင်သည် မြေချဥ်များတွင် စိုက်ပျိုးမှုပိုမိုဖြစ်ထွန်းပြီး မေလ‌နောက်ဆုံးပတ်နှင့် ဇွန်လများတွင် အများဆုံးဖြစ်ထွန်းသော သီးနှံတစ်မျိုးလည်း ဖြစ်သည်။ ကြက်မောက်သီး မှည့်ချိန်တွင် ခူးဆွတ်ရန်မှာ ရက်ပေါင်း(၃၀)ခန့် လိုအပ်သည်။ ကြက်မောက်သီး စားသုံးခြင်းဖြင့် ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အစာချေကောင်းမွန်စေခြင်း၊ ဆီးချိုရောဂါများကို ကော်းမွန်စေပါသည်။ ယခုမေလနောက်ဆုံးပတ်နှင့် ဇွန်လပတ်များတွင် ကြက်မောက်သီးများ ပိုမို ဖြစ်ထွန်းသောကြောင့် ဈေးကောင်းများရရှိကြောင်းလည်း သိရှိရပါသည်။
၂၀၂၅ခုနှစ်၊ ဇွန်လနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်ရှိ ကြက်မောက်သီးဈေးနှုန်းမှာ ၁၃လုံး တစ်စည်းလျှင် (၁၀၀၀)ကျပ်သာရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)