ဒေသထွက် ပဲတောင့်ရှည်သီးများ ရောင်းချလျက်ရှိ

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ ဒေသထွက်ပဲတောင့်ရှည်သီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

   ပဲတောင့်ရှည်သီးများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာ နှင့်အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ကန့်ဘလူ  မြို့မဈေးတွင်ရောင်းချနေသည့် ပဲတောင့်ရှည်သီးဈေးနှုန်းများမှာ ပဲတောင့်ရှည်(၅)တောင့်ပါ(၁)စည်း လျှင်(၄၀၀)ကျပ်၊ ပဲတောင့်ရှည် (၅)တောင့်ပါ (၅)စည်းလျှင် (၂၀၀၀)ကျပ်၊  ပဲတောင့်ရှည် (၁၀)စည်း ပါ(၁)ထုံးလျှင် (၄၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း  ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)