
အုန်းပင်သည် နှစ်ရှည်သီးပင်ဖြစ်ပြီး ဒေသမရွေးတွင် စိုက်ပျိုးရလွယ်ကူသော အပင်တစ်မျိုး ဖြစ်ပါသည်။ ကန့်ဘလူခရိုင်အတွင်း၌ ယခင်ကပင် မိမိတို့၏ နေအိမ်ခြံစည်းရိုးများတွင် အမှတ်အ သားတစ်ခုအနေဖြင့်လည်းကောင်း၊ အုန်းသီး၊ အုန်းလက်တို့ကို အသုံးပြုရန်အတွက်လည်းကောင်း ရည်ရွယ်စိုက်ပျိုးကြပါသည်။ အု်နးသီးသည် မြန်မာလူမျိုးတို့၏ ဘာသာရေးဆိုင်ရာပွဲများ၊ အလှူပွဲ မင်္ဂလာဆောင်နှင့်နတ်ပွဲများတွင် မပါမဖြစ် အသုံးပြုရသည့် အသီးတစ်မျိုးဖြစ်သည်။
၂၀၂၅ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း အုန်းသီးများကို ကန့်ဘလူမြို့မဈေးတွင် အု်နးသီး အစိမ်းနှင့် အုန်းသီးအခြောက်ဟူ၍ (၂)မျိုးရောင်းချလျက်ရှိကြောင်း၊ အုန်းသီးများသည် ကန့်ဘလူမြို့ နယ်အနှံ့အပြားမှ ဝင်ရောက်မှုရှိပြီး ဈေးနှုန်းများမှာ အုန်းသီးစိမ်း(၁)လုံးလျှင် (၂၀၀၀-၂၅၀၀)ကျပ် အထိရှိပြီး အုန်းသီးအခြောက်(၁)လုံးလျှင် (၃၀၀၀-၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ဈေးအတွင်းရှိ ဈေးသည်တစ်ဦး၏ပြောပြချက်အရ အုန်းသီးအခြောက်များကို ကန့်ဘလူမြို့ ပေါ်ရှိ ရိုးရာမြန်မာမုန့်လုပ်သူများ၊ အုန်းနို့ခေါက်ဆွဲဆိုင်များမှ ဝယ်ယူကြကြောင်း၊ အုန်းသီးအစိမ်း များကိုသာသနာပွဲထိုးသူများ ၊အလှူမင်္ဂလာပွဲများ၊ ဖျော်ရည်ဆိုင်များမှဝယ်ယူကြကြောင်း ၊ အုန်းသီး အသုံးပြုမှုများပြားကာ ဝင်ရောက်သမျှ အရောင်းသွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)