၂၀၂၅ ခုနှစ် ဇွန်လ ဒုတိယပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက် နှင့် စီးဆင်းမှုအခြေအနေ

Powered by Drupal

    ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုတစ်ပတ်ပြောင်းသီးနှံမှာ ဈေးကွက်အ ဝင်နည်းပြီး ပြည်ပအဆွဲကောင်းသဖြင့် တစ်ပိဿာလျှင် (၁၅၆၀-၁၅၆၅)ကျပ်ဖြင့် ဈေးရှိနေ၍ စီးဆင်းမှုမှာ ယခင်အပတ်တိုင်း ပုံမှန်ဖြစ်နေပါသည်။

     ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၅၀၀၀ကျပ်၊ ထူး ၂-၆၀၀၀ကျပ်၊ ထူး ၃-၇၀၀၀ ကျပ်၊ ထူး ၄-၈၀၀၀ကျပ်၊ ထူး ၅-၈၅၀၀ကျပ်၊ ထူးလွန်-၉၀၀၀ကျပ် နှင့် ဥတစ်လုံးဆိုဒ်အကြီးမှာ ၂၅၀၀၀ကျပ် ဈေးရှိနေကြပြီး ဈေးကွက်အဝင်နည်းလာသဖြင့် အမြင့်ဈေးဖြင့်ငြိမ်နေပြီး စီးဆင်းမှုမှာ အနည်းငယ်လျော့နည်းခဲ့ပါသည်။

     ချင်းသီးနှံမှာ မြေနီချင်းအခက်ကြီး တစ်ပိဿာလျှင်(၃၅၀၀)ကျပ် နှင့် အခတ်အလတ်မှာ (၂၈၀၀-၃၀၀၀)ကျပ်ခန့်ဈေးရှိနေပြီး ပြည်ပအဆွဲမရှိသောကြောင့် ဈေးငြိမ်နေပြီး ပြည်တွင်းဈေးကွက် သုံးသာ စီးဆင်းနေပါသည်။

    အာလူးသီးနှံမှာ တစ်ပိဿာလျှင်မားကစ် S2/S1-၅၅၀၀ကျပ်၊ မျက်နီ-၅၀၀၀ကျပ်၊ OK-၄၀၀၀ ကျပ်၊ A1-၃၅၀၀ကျပ်၊ ဆွဲသီး-၃၀၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၀၀၀ကျပ်ဖြင့် ဈေးအသီးသီးရှိနေပြီး ဈေးကွက်အဝင်များ အဆွဲကောင်း၍ စီးဆင်းမှုမှာ များနေပါသည်။

   ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ(၇၀၀-၁၀၀၀)ကျပ်၊ ပန်းမုံလာ(၁၂၀၀-၁၅၀၀)ကျပ်၊ ရွှေပဲ (၁၀၀၀၀-၁၂၀၀၀)ကျပ်၊ မုန်ညှင်း(၂၀၀၀-၃၀၀၀)ကျပ်၊ ဖရုံသီး(၁၅၀၀-၁၇၀၀)ကျပ်၊ ခရမ်းသီး(၁၃၀၀- ၁၇၀၀)ကျပ်၊ ခရမ်းချဉ်သီး (၂၅၀၀-၃၃၀၀)ကျပ်၊ ငရုတ်ပွ(၄၀၀၀-၄၈၀၀)ကျပ်၊ မုန်လာဥနီ(၂၃၀၀- ၂၇၀၀)ကျပ် နှင့် ဘိုစား(၃၀၀၀-၃၅၀၀)ကျပ် ဈေးရှိနေကြပြီး မိုးရွာသွန်းမှုများကြောင့် အခင်းအချို့ ပျက်စီးသဖြင့် သီးနှံဈေးနှုန်းများမှာ ဈေးတက်လာရပြီး လမ်းပန်းဆက်သွယ်မှု အခက်အခဲများကြောင့် စီးဆင်းမှုမှာ လျော့နည်းလာပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)