ဒူးရင်းသီး ဈေးနှုန်းဈေးကွက် အခြေအနေ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်တွင် ဒူးရင်းသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဒူးရင်းသီးသည် ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းဒေသတွေ အပါအဝင် အရှေ့ တောင်အာရှနိုင်ငံများဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မြန်မာ တို့မှာ အဓိကပေါက် ရောက်လေ့ရှိပါတယ်။ မြန်မာပြည်တွင် မြန်မာပြည်တောင်ဘက်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီ ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသော အသီးတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒူးရင်းသီးပေါ် ချိန်မှာ မေ၊ ဇွန်၊ ဇူလိုင် လတို့၌ ဒူးရင်းသီးလှိုင်လှိုင် ထွက်သောအချိန်ဖြစ်သည်။

ဒူးရင်းသီးများကိုဒေသတွင်း စားသုံးခြင်းသာမက ရန်ကုန်၊ ပဲခူး၊ မန္တလေးနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ တင်ပို့ရောင်းချခြင်းဖြင့် ဒူးရင်းစိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက် လျက်ရှိပြီး အသီးသီးပေါက်ဈေးရှိကြောင်းသိရှိရပါသည်။ ယခုဇွန်လတွင် ဒူးရင်းသီးများလှိုင်လှိုင် ထွက်ပေါ်နေပြီဖြစ်ရာ ဈေးနှုန်းများမှာ  အလုံးကြီး (၃၀၀၀၀)ကျပ်၊ အလတ် (၁၆၅၀၀)ကျပ်၊ အသေး (၈၀၀၀)ကျပ် ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)