မုံရွာမြို့ပေါ်ရှိ မင်းကွတ်သီးနှင့် ဒူးရင်းသီးဈေးနှုန်းများ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ ပြည်ထောင်စုဈေး၊ မန်းကျည်းပင်ဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဇွန်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော မင်းကွတ်သီးနှင့် ဒူးရင်းသီး ဈေးနှုန်းများအနေဖြင့် မင်းကွတ်သီး ( ၁ )လုံးလျှင် ( ၅၀၀) ကျပ်မှ ( ၇၀၀) ကျပ်ဖြင့်လည်းကောင်း၊ မွန်ထောင်းမျိုးနှင့် ဗမာမျိုး ဒူးရင်းသီး တစ်လုံးလျှင် အရွယ်အစားအလိုက် (၁၅၀၀၀)ကျပ်မှ ( ၁၅၀၀၀၀)အထိဖြင့်လည်းကောင်း ဈေးနှုန်း အသီးသီး ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)