ကျွန်းလှမြို့နယ်အတွင်း ‌ရောင်းချလျက်ရှိသော အမဲသား ဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် နေ့စဉ်လာရောက် ရောင်းချသူများ၊ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ ယခုအခါ တွင် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက် လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ အမဲသားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

အမဲသားများကို ကျွန်းလှမြို့ ဒေသတွင်းဟင်းစလေများမှ လက်လီ/လက္ကားရောင်းချလျက်ရှိရာ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်၏ အမဲသားဈေးနှုန်းများ အနေဖြင့် အမဲသားရှယ် (တစ်တုံးထဲသား) လက္ကားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ အမဲသားရှယ်(တစ်တုံးထဲသား) လက်လီတစ်ပိဿာလျှင်(၂၈၀၀၀)  ကျပ်၊အမဲသားရိုးရိုး(အသားပြွန်း)လက္ကားတစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊အမဲသားရိုးရိုး(အသားပြွန်း)လက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ် အမဲပုဆိုးကြမ်း တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်နှင့် အမဲရိုး တစ်ပိဿာ (၁၀၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အမဲသားသည် ထံမှ သိရပါသည်။

Doca(စစ်ကိုင်း)