ရာသီစာ အညာတစောင်းဖူးဈေးကွက်

Powered by Drupal

           ချစ်စရာအညာဒေသရဲ့ ရာသီစာတွေထဲမှာ တောတစောင်းဖူးချက်ကလည်း မပါမဖြစ်အစား အစာတစ်မျိုးဖြစ်ပါသည်။ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားသော အညာ‌ဒေသမှာသာ အလေ့ကျပေါက်‌‌ေရာက်ရှင်သန်သော အပင်မျိုးဖြစ်သည်။ ငွေကုန်ကြေးကျခံပြီး စိုက်ပျိုးထား သောအပင်များ မဟုတ်ဘဲ လေးဘေးဝဲယာ၊ လယ်ကန်သင်းရိုး၊ အိမ်ခြံစည်းရိုးများတွင် ခြံစည်းရိုး အဖြစ် ထားရှိသည့်အပင်များဖြစ်သည်။ ငယ်ငယ်တုန်းကဆို ကျောင်းသွားရာလမ်းတစ် လျှောက် ၎င်းအပင်များသည် ပန်းပွင့်များကို ခူး၍ဆော့ကစားကြပါသည်။ ၎င်းအပင်မှ အသီးမှည့် များကို ခူး၍ ခွဲစားကြည့်ကြပြီး အလွန်ချို၍ သကြားသီးဟု ခေါ်ဆိုခဲ့ကြသည်။ ယခုခေတ်နဂါး မောက်သီး ပုံံစံဖြင့်ဆင်တူပါသည်။ အဲဒီအချိန်အခါက ၎င်းတစောင်းဖူး၊ တစောင်းပွင့်၊ တစောင်းသီး များကို စားရကောင်းမှန်းမသိသလို မိဘများက မစားရဘူးဟူ၍ မစားခဲ့ကြပါ။ ယခုအခါ တိုးတက် လာသည့်နှင့်အမျှ တစောင်းဖူးများသည် ဟင်းချက်စရာအစားအစာတစ်ခုအဖြစ် လူသိများလာကြပြီး အညာတစောင်းဖူးဈေးကွက်အဖြစ် နေရာယူလာခြင်းဖြစ်သည်။ အညာဒေသသည် နွေရာသီတွင် အလွန်ပူပြင်းခြောက်သွေ့ပြီး  တန်ခူး၊ ကဆုန်မိုးများ ရွာသွန်းပြီးက အညာရာသီစာ တစောင်းဖူး၊ တစောင်းခါး၊ တစောင်းချဉ်များ ထွက်ပေါ်လေ့ရှိပါသည်။ တစောင်းဖူးကို အချဉ်တည်၍ဖြစ်စေ၊ ပုဇွန်ခြောက်၊ ခရမ်းချဉ်သီး ငရုတ်သီးစိမ်း အနည်းငယ်စီဖြင့် ချက်ပြုတ်၍ စားသောက်ကြပြီး ထမင်းမြိန်စေသည့် အညာရာသီစာ ဟင်းလျာတခွက်ဖြစ်သောကြောင့် ဝယ်ယူစားသုံးများရှိလာ ကြောင်း သိရှိရသည်။

DOCA(မန္တလေး)