ပြည်ကညွတ်ဈေးကွက်အရောင်းသွက်

Powered by Drupal

      ပြည်ဈေးကွက်တွင် ကညွတ်သီးနှံအနေဖြင့် ယိုးဒယားကညွတ်နှင့် ဗမာကညွတ်ဟူ၍ (၂)မျိုး ရှိပါသည်။ ယခုနွေဦးပေါက်လတွင် ဗမာကညွတ်များ ရွှေတောင်ဘက်မှ ဝင်ရောက်မှုရှိကာ ရေလောင်းစိုက်ပျိုးရပါသည်။ ယိုးဒယားကညွတ်အနေဖြင့် မေလဆန်းတွင် ဝင်ရောက်မှုရှိသည်။ ဗမာကညွတ်မှာ တစ်ကြိမ်လျှင် ပိဿာချိန် (၂-၃)ခန့်သာ ဝင်ရောက်မှုရှိပြီး ယိုးဒယားကညွတ်မှာ တစ်ကြိမ်လျှင် ပိဿာချိန် (၂၀-၂၅)ခန့် ဝင်ရောက်မှုရှိကြောင်း သိရပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သော ကညွတ်သီးနှံအား ရာသီမရွေးဝယ်ယူစားသုံးကြသဖြင့် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် ဗမာကညွတ်(၁၀)ကျပ်သားလျှင် ကျပ်(၄၀၀-၅၀၀)ဖြင့် ရောင်းချမှုရှိပြီး ယိုးဒယားကညွတ် (၁၀)ကျပ်သားလျှင် ကျပ်(၆၀၀-၈၀၀)ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)