“ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်းရောင်းချသောအခြေခံစားသောက်ကုန်ဈေးနှုန်းများ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ အပတ်စဉ် အခြေခံစားသောက်ကုန် ဈေးနှုန်းများကို စာရင်းကောက်ယူ စစ်ဆေးရာတွင် ဇွန်လ ပထမပတ် တွင် ရောင်းချလျှက်ရှိသော အခြေခံစားသောက်ကုန် ဈေးနှုန်းများကို ဇွန်လ (၂)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် စာရင်းကောက်ယူခဲ့ကြောင်း သိရှိရသည်။

        ထိုသို့ စာရင်းကောက်ယူရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ခေတ္တ ဈေးတာဝန်ခံ ဦးထွန်းထွန်း ကျန်းမာရေးမှူး(၃) ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ မြို့မဈေးတွင် အခြေခံစား သောက်ကုန်ရောင်းချသော မခိုင် ကုန်မျိုးစုံနှင့် ဒေါ်မျိုးသူဇာထွန်း ကုန်စုံဆိုင်တို့မှ ကြက်သွန်နီ ဆိုဒ်စုံ တစ်ပိဿာလျှင် (၁၈၀၀မှ ၂၂၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၅၀၀၀)ကျပ်ထိ၊ ငရုပ်တောင့်အရှည် တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၂၀၀၀)ကျပ်ထိ၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ မန်းကျီးသီး တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင် (၈၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၄၀၀၀မှ၄၅၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၅၅၀၀မှ ၆၀၀၀)ကျပ် အသီးသီးတို့ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိ ကြောင်း သိရှိရသည်။

        ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းနှိုင်းယှဉ်ရာတွင် ကြက်သွန်နီ ဆိုဒ်စုံဈေးနှုန်းနှင့် အာလူးဈေးနှုန်းမှာ အနည်းငယ် ကျဆင်းသွားကြောင်းနှင့် ဝယ်ယူတင်သွင်းရသည့် ဈေးနှုန်း လျော့နည်းခြင်း၊ ပစ္စည်းဝင်ရောက်မှု များလာသည့်အတွက် ဈေးနှုန်းအနည်းငယ် ကျဆင်းရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)